STBJ စာမေးပွဲအကြောင်း
Standard Test for Business Japanese (STBJ) ဆိုတာဘာလဲ။
Standard Test for Business Japanese (STBJ) ဆိုတာကတော့ အလုပ်လုပ်ကိုင်ဖို့ ရည်ရွယ်ချက်နဲ့ ဂျပန်နိုင်ငံကို သွားဖို့အတွက် လိုအပ်ချက်တစ်ခုဖြစ်တဲ့ ဂျပန်ဘာသာစကား အရည်အချင်း စစ်ဆေးနိုင်တဲ့ စာမေးပွဲတွေထဲက တစ်ခုပဲဖြစ်ပါတယ်။ ဒီစာမေးပွဲကို ၂၀၀၇ ခုနှစ်ကတည်းက စတင်ကျင်းပခဲ့တာဖြစ်ပြီး ဂျပန်၊ ထိုင်ဝမ်၊ ထိုင်း၊ တောင်ကိုရီးယား နိုင်ငံတွေရဲ့ ပညာရေးအဖွဲ့အစည်းတွေက တရားဝင်လက်ခံကျင့်သုံးနေတဲ့ စာမေးပွဲ ဖြစ်ပါတယ်။
STBJ စာမေးပွဲကို ဂျပန်နိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာနက အသိအမှတ်ပြုထားပြီး ဂျပန်နိုင်ငံမှာရှိတဲ့ ဂျပန် ဘာသာစကားဆိုင်ရာ ပညာရေးအဖွဲ့အစည်းတွေကို ၀င်ခွင့်ရရှိဖို့အတွက် ဂျပန်ဘာသာစကား ကျွမ်းကျင်မှု ကို ဖော်ပြနိုင်တဲ့ စာမေးပွဲတစ်ခုအဖြစ် အသိအမှတ်ပြုထားပါတယ်။ STBJ မှာ အမှတ် (၃၅၀) (သို့) (၃၅၀) နဲ့အထက် ရလျှင် Reference Framework for Japanese Language Education အရ A1 လယ်ဗယ် (သို့) A1 လယ်ဗယ် အထက်နဲ့ ညီမျှတယ်လို့ သတ်မှတ်ထားပါတယ်။
ဒီစာမေးပွဲကို ဘယ်လိုနေရာတွေမှာ သုံးလို့ရမလဲ။
ဂျပန်နိုင်ငံမှာ အလုပ်လုပ်ဖို့ ရည်ရွယ်ထားသူတွေနဲ့ ကျောင်းသွားတက်မယ့် ကျောင်းသား၊ ကျောင်းသူတွေ ဂျပန်ဘာသာစကား အရည်အချင်း/ကျွမ်းကျင်မှု ပြသဖို့အတွက် သုံးလို့ရပါတယ်။
အခြားသော ဂျပန်ဘာသာစကား စာမေးပွဲတွေနဲ့ ဘယ်လိုကွဲပြားလဲ။
STBJ ရဲ့ ထူးခြားချက်ကတော့ ဂျပန်ဝေါဟာရနဲ့ အသုံးအနှုန်းဆိုင်ရာ အရည်အချင်းကိုသာမက လုပ်ငန်းသုံးဆိုင်ရာ အသုံးအနှုန်းတွေနဲ့ ကျင့်ဝတ်တွေကိုပါ ဆန်းစစ်ပေးနိုင်တာပါပဲ။
ဘယ်နိုင်ငံတွေမှာ ကျင်းပနေတာလဲ။
Standard Test for Business Japanese (STBJ) စာမေးပွဲကို တရုတ်၊ ဗီယက်နမ်၊ သီရိလင်္ကာ၊ ပါကစ္စတန် စတဲ့နိုင်ငံတွေမှာ ကျယ်ကျယ်ပြန့်ပြန့် ကျင်းပနေပြီး ဖြစ်ပါတယ်။ အခုဆိုရင် မြန်မာနိုင်ငံမှာပါ ဖြေဆိုလို့ရနေပါပြီ။
ဘယ်လတွေမှာ ဖြေလို့ရတာလဲ။
စာမေးပွဲကို တစ်နှစ်မှာ (၆) ကြိမ်၊ (၂) လလျှင် တစ်ကြိမ်နှုန်း ကျင်းပလျက်ရှိပါတယ်။ ဖေဖော်ဝါရီ၊ ဧပြီ၊ ဇွန်၊ ဩဂုတ်၊ အောက်တိုဘာ၊ ဒီဇင်ဘာလ တွေမှာ ဖြေဆိုနိုင်ပါတယ်။ စာမေးပွဲကျင်းပသည့် နေ့များကို Website မှာ ကြေညာပေးထားပါတယ်။
ဘယ်လိုစနစ်နဲ့ဖြေရမှာလဲ။
Paper-based ဖြစ်တဲ့အတွက် သတ်မှတ်ထားတဲ့ စာမေးပွဲခန်းမတွေမှာ ဖြေဆိုရမှာဖြစ်ပါတယ်။ စာမေးပွဲ ကျင်းပမယ့်နေရာနဲ့ အချိန်တွေကို သီးသန့်ကြေညာပေးသွားပါမယ်။
မေးခွန်းပုံစံက ဘယ်လိုလဲ။ ဘယ် skill တွေကို အဓိက စစ်ဆေးတာလဲ။
စာမေးပွဲတွင် စုစုပေါင်း မေးခွန်း (၇) ပိုင်း ပါဝင်ပြီး စာဖြေချိန် (၁) နာရီနှင့် (၃၅) မိနစ်ခန့ ကြာမြင့်ပါတယ်။ မေးခွန်း အပိုင်း (၁ မှ ၅) အထိသည် Listening Skill စစ်ဆေးခြင်းအတွက် မေးခွန်းများဖြစ်ပါတယ်။ မေးခွန်း အပိုင်း (၆) သည် Reading Skill ကိုစစ်ဆေးခြင်းဖြစ်ပြီး အပိုင်း (၇) သည် Vocabulary, Grammar နှင့် Speaking Skill ကို စစ်ဆေးတာ ဖြစ်ပါတယ်။
Test Format
ဘယ်လို Level တွေ သတ်မှတ်ထားတာလဲ။
STBJ သည် Common European Framework of Reference for Japanese Language Proficiency ကို အခြေခံပြီး လယ်ဗယ်တွေ သတ်မှတ်တာဖြစ်ပါတယ်။ A1 to C1 level အထိ သတ်မှတ်ထားပါတယ်။
စာမေးပွဲဖြေဆိုပြီး (၂) ပတ်မှ (၃) ပတ်အတွင်း စာမေးပွဲရလဒ်များ သိရမှာဖြစ်ပါတယ်။ ရလဒ်သိရှိပြီး (၂) ပတ်အတွင်း အောင်လက်မှတ်များ ထုတ်ယူနိုင်မှာ ဖြစ်ပါတယ်။


စာမေးပွဲ ရလဒ် ဘယ်အချိန်မှာ သိရမလဲ။


STBJ နှင့် JLPT ဆက်စပ်မှု


Business which accepts STBJ
1. トヨタ自動車 (Toyota Motor Corporation) – manufacturing, engineering, office roles
2. ソニーグループ (Sony Group) – technology, business, global operations
3. 日立製作所 (Hitachi) – IT, engineering, corporate positions
4. 三菱商事 (Mitsubishi Corporation) – trading, international business
5. 三井物産 (Mitsui & Co.) – global trading and logistics
6. NTTグループ (Nippon Telegraph and Telephone) – telecom, IT, research
7. 楽天グループ (Rakuten Group) – e-commerce, tech, business operations
8. ソフトバンク (SoftBank Group) – technology, investment, telecom
9. パナソニック (Panasonic) – electronics, manufacturing, business roles
10. 本田技研工業 (Honda Motor Co.) – automotive, engineering, administration
1. Accola Japanese Academy, https://accola-academy.com/en/
2. Hamamatsu Japan Language College, https://nihongo.sist-jlc.ac.jp/
3. International Industrial Technical College (IITC), https://iitc.ac.jp/
4. Shizuoka Japan Language College, https://nihongo.sist-jlc.ac.jp/
5. Sapporo Language Center https://www.sprlc.jp/en.html
6. Oji International Language Institute, https://www.oji-gaigo.com/en/
7. ISI Japanese Language School, https://www.isi-education.com/application/process/
8. Shinjuku Gyoen Japanese Language School, https://www.languageinternational.com/school/shinjuku- gyoen- japanese-language-school-69274
9. Sendai Japanese Academy, https://sja.ac.jp/en/
10. Fukuwa Cooperation Academy, https://fukuwa-academy.jp/admission-guide#admission-requirement
11. NASU Japanese Language School, https://nasu-school.co.jp/admissions/
12. Japanese Language School Affiliated with Teikyo Heisei University, https://www.thu-jpschool.com/nyugaku/
13. ICA International Conversation Academy – https://icaschool.2-d.jp/en/admission_v.html
14. ARC Academy Japanese Language School, https://japanese.arc-academy.net/en/application-longterm
Japanese schools which accepts STBJ
Our team
Our strength lies in our individuality. Set up by Esther Bryce, the team strives to bring in the best talent in various fields, from architecture to interior design and sales.
Esther Bryce
Founder / Interior designer
Lianne Wilson
Broker
Jaden Smith
Architect
Jessica Kim
Photographer
