GUIDELINES

Online Application Form ဖြည့်သွင်းနည်းလမ်းညွှန်ချက်

(၁) Exam Date - မိမိဖြေဆိုလိုသည့် စာမေးပွဲ နေ့ရက်ကို ဖြည့်သွင်းပါ။

(၂) Name (English) - နာမည်ကို အင်္ဂလိပ်ဘာသာ၊ အကြီးစာလုံးများဖြင့် ရေးသားပါ။

(၃) Name (Katakana) - နာမည်ကို Katakana ဖြင့် ရေးသားပါ။ ရေးသားရန်အခက်အခဲရှိပါက ချန်လှပ်ထား နိုင်ပါသည်။

(၄) Date of Birth - စာဖြေသူ၏ မွေးသက္ကရာဇ်ကို ဖြည့်သွင်းပါ။

(၅) Gender - ကျား/မ ရွေးချယ်ပါ။

(၆) Occupation – မိမိ၏ လက်ရှိ အလုပ်အကိုင်အခြေအနေ (ကျောင်းသား/ ဝန်ထမ်း) ကို ရွေးချယ်ပါ။

(၇) Current Address (English) - မိမိ၏ နေရပ်လိပ်စာကို အင်္ဂလိပ်ဘာသာဖြင့် ဖြည့်သွင်းပါ။

(၈) Telephone - မိမိအသုံးပြုနေသော ဖုန်းနံပါတ်ကို အင်္ဂလိပ်ဘာသာဖြင့် ဖြည့်သွင်းပါ။

(၉) Email - မိမိအသုံးပြုနေသော Email ကို ဖြည့်သွင်းပါ။

(၁၀) Purpose – STBJ စာမေးပွဲကို ဖြေဆိုရသည့် ရည်ရွယ်ချက်ကို ရွေးချယ်ပါ။

(၁၁) NRC Number (English) - မိမိမှတ်ပုံတင်အမှတ်ကို အင်္ဂလိပ်ဘာသာဖြင့် ဖြည့်သွင်းပါ။

(၁၂) Passport Number (English) - ပတ်စပိုစ်အမှတ်ကို အင်္ဂလိပ်ဘာသာဖြင့် ဖြည့်သွင်းပါ။ အကယ်၍ မရှိပါက ချန်လှပ်နိုင်ပါသည်။

(၁၃) Passport Expiry Date - ပတ်စပိုစ်သက်တမ်းကုန်ဆုံးမည့်နေ့ရက်ကို အင်္ဂလိပ်ဘာသာဖြင့် ဖြည့်သွင်းပါ။

(၁၄) Method of Studying - လက်ရှိဂျပန်စာသင်ယူနေသည့်ပုံစံကို ရွေးချယ်ပါ။

(၁၅) Japanese Institution Name - ဂျပန်စာသင်ယူခဲ့သည့် သင်တန်းကျောင်းနာမည်ကို ဖြည့်သွင်းပါ။

(၁၆) Level - သင်ယူထားသည့် ဂျပန်ဘာသာစကားလယ်ဗယ်ကို ရွေးချယ်ပါ။

(၁၇) Uploads –

User Photo- စာဖြေဆိုသူ၏ အဖြူအမည်းဓာတ်ပုံ Softcopy ကို ဖြည့်သွင်းပေးပါ။ ထင်ရှားပြတ်သား သောပုံဖြစ်ရပါမည်။

NRC Front and Black Photo - မှတ်ပုံတင် အရှေ့/ အနောက် ဓာတ်ပုံကို ဖြည့်သွင်းပေးပါ။ ထင်ရှားပြက်သား သောပုံဖြစ်ရပါမည်။

Signature - ထိုးမြဲလက်မှတ် ဓာတ်ပုံကို ဖြည့်သွင်း ပေးပါ။ ထင်ရှားပြက်သား သောပုံဖြစ်ရပါမည်။

Payment Screenshot – ငွေပေးချေခြင်းပြီးမြောက်ကြောင်းကိုဖော်ပြသော Transaction message အပြည့်အစုံပါသည့် မှတ်တမ်းကိုသာ ဖြည့်သွင်းရပါမည်။

စာဖြေဆိုသူကျောင်းသား/ ကျောင်းသူများမှ လိုက်နာရမည့် စည်းကမ်းချက်များ

  • စာဖြေဆိုသူများမှ စာမေးပွဲအချိန် မစတင်မီ (၁) နာရီကြိုတင်၍ စာမေးပွဲကျင်းပရာ ခန်းမသို့ ရောက်ရှိနေရမည်။

  • နမူနာ Audio Test စတင်သည့်အချိန်မှစ၍ စာမေးပွဲပြီးဆုံးသည်အထိ မည်သည့်အကြောင်းအရင်း တစ်စုံတစ်ရာကြောင့် စာဖြေဆိုသူများ စာမေးပွဲခန်းမသို့ ဝင်ရောက်ခြင်း/ ခန်းမမှ ထွက်ခွာခြင်းများ ခွင့်ပြုမည် မဟုက်ပါ။

  • စာဖြေသူဆိုများသည် စာမေးပွဲခန်းမအတွင်းသို့ HB ခဲတံ (သို့မဟုတ်) 2B ခဲတံ ၊ ခဲဖျက် မှ အပ တခြားအရာများအား သယ်ဆောင်ခွင့်မပြုပါ။

  • စာမေးပွဲခန်းမအတွင်းသို့ Smart Watch များကို ဝတ်ဆင်ခြင်း၊ သယ်ဆောင်ခြင်းမပြုပါ။

  • စာမေးပွဲခန်းမအတွင်းတွင် လက်ကိုင်ဖုန်းများအား ပိတ်ထားရပါမည်။ နှိုးစက်များလည်း ပိတ်ထားရမည်။ ခန်းမအတွင်း ဖုန်းအသံမြည်ခြင်း၊ အသုံးပြုခြင်းများ တွေ့ရှိပါက စာမေးပွဲဆက်လက် ဖြေဆိုရမည် မဟုတ်ပါ။

  • အများအမြင်မသင့်လျော်သည့်အဝတ်အစားများအား ဝတ်ဆင်ခြင်းမပြုရ။

  • ဂျပန်စာပါသည့်အဝတ်အစားများအား ဝတ်ဆင်ခြင်းမပြုရ။

  • စာဖြေဆိုသူများမှ မသမာသောနည်းလမ်းများကို အသုံးပြုခြင်း၊ ပြုလုပ်ခြင်း (သို့မဟုတ်) စာမေးပွဲ ခန်းမထဲသို့ ယူဆောင်လာခြင်း တွေ့ရှိပါက စာမေးပွဲဆက်လက်ဖြေဆိုခွင့်ပြုမည် မဟုတ်ပါ။

  • စာမေးပွဲဖြေဆိုခွင့်ကတ်ပြား (Admission Ticket) တွင် နာမည်၊ မွေးသက္ကရာဇ် စသည့် အချက်အလက်များ မှားယွင်းမှုရှိပါက အခန်းစောင့်ဆရာ၊ ဆရာမများအား ပြော၍ ပြင်ဆင်နိုင်ပါသည်။

စာမေးပွဲအောင်လက်မှတ်များ ထုတ်ယူရာတွင် လိုက်နာရမည့် စည်းကမ်းချက်များ

ကိုယ်တိုင်လာရောက်ထုတ်ယူခြင်း

ကိုယ်စားထုတ်ယူခြင်း

  • စာဖြေဆိုသူများသည် စာမေးပွဲလျှောက်လွှာဖောင်တင်ချိန် အသုံးပြုခဲ့သည့် သက်သေခံလက်မှတ်အထောက်အထား (မှတ်ပုံတင် (သို့) Passport) ကို မဖြစ်မနေ ယူဆောင်ရပါသည်။

  • စာမေးပွဲဖြေဆိုခွင့်ကတ်ပြား ပျောက်ဆုံးပါက မှတ်ပုံတင် မိတ္တူ (၁) စောင် ယူဆောင်လာရပါမည်။

  • ကိုယ်စားလာရောက်ထုတ်ယူမည်ဆိုပါက စာဖြေဆိုသူ၏ မှတ်ပုံတင် မိတ္တူ (၁)စောင် နှင့်အတူ ကိုယ်စားထုတ်ယူသူ၏ မှတ်ပုံတင်မိတ္တူ (၁) စောင် တို့ကို ယူဆောင်လာရ ပါမည်။

  • သင်တန်းကျောင်းများအနေဖြင့် သင်တန်းကျောင်းအမည်နှင့် စည်းအမှတ်တံဆိပ် (သို့) Letter Head ပါဝင်သော စာတွင် မိမိထုတ်ယူလိုသော ကျောင်းသားဦးရေ၊ အမည်၊ ခုံနံပါတ်တို့ကို ရေးသား၍ (၂) ရက်စော၍ ကြိုတင်ပေးပို့ရန် လိုအပ်ပါသည်။

မှတ်ချက် ။ စာမေးပွဲရလဒ်များ ထုတ်ယူရာတွင် ဖြေဆိုခဲ့သော စာမေးပွဲခုံအမှတ်ကို မှန်ကန်စွာ သိရှိရန် လိုအပ်ပါသည်။

အထက်ဖော်ပြပါ အချက်အလက်များ မပြည့်စုံပါက အောင်လက်မှတ်နှင့်အမှတ်စာရင်းများ ကို ထုတ်ပေးမည် မဟုတ်ပါ။

(၈၀) ကြိမ်မြောက် STBJ စာမေးပွဲကို မန္တလေးတိုင်းဒေသကြီးတွင် ဖြေဆိုနိုင်ပြီဖြစ်ကြောင်း ကြေညာခြင်း

(၉-၈-၂၀၂၆) ရက်နေ့တွင် ကျင်းပပြုလုပ်မည့် (၈၀) ကြိမ်မြောက် STBJ စာမေးပွဲကို မန္တလေးတိုင်းဒေသကြီးတွင် စတင်ဖြေဆိုနိုင်ပြီဖြစ်ကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်။

မန္တလေးစာဖြေဌာနတွင် ဖြေကြားလိုသူများအနေဖြင့် Online Application Form ဖြင့် လျှောက်ထားလိုပါက STBJ Website တွင် Test Site နေရာကို ရွေးချယ်၍ လျှောက်ထားနိုင်သလို ၊ STBJ Myanmar Main Office တွင် မိမိဖြေလိုသည့် Test Site ကို ပြောကြား၍ လျှောက်ထားနိင်ပါသည်။

Contact

Reach out anytime for questions or support

Email

Phone

info@stbjmyanmar.com

+95 9 251440897

STBJ Myanmar© 2026. All rights reserved.