Application News
(၇၇) ကြိမ်မြောက် ကျင်းပမည့် Standard Test for Business Japanese (STBJ) စာမေးပွဲအတွက်လျှောက်လွှာများခေါ်ယူခြင်း။
(၁.၂.၂၀၂၆) ရက်နေ့၊ တနင်္ဂနွေနေ့တွင် ကျင်းပပြုလုပ်မည့် STBJ စာမေးပွဲအတွက် လျှောက်လွှာများကို စတင်လျှောက်ထားနိုင်ပြီဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။
လျှောက်လွာစတင်လက်ခံသည့်နေ့ရက် - ၁ ရက်၊ ဒီဇင်ဘာလ၊ ၂၀၂၅ ခုနှစ်
လျှောက်လွှာနောက်ဆုံးလက်ခံမည့်နေ့ရက် - ၁ ရက်၊ ဇန်နဝါရီလ၊ ၂၀၂၆ ခုနှစ်
လျှောက်လွှာလက်ခံသည့်ပုံစံ
စာမေးပွဲလျှောက်လွှာများကို ကိုယ်တိုင်လာရောက်ပြီးလျှောက်လွှာတင်၍သော်လည်းကောင်း၊ Online Application Form ဖြင့် သော်လည်းကောင်း လျှောက်ထားနိုင်ပါသည်။
ကိုယ်တိုင်လျှောက်လွှာတင်လိုသောသူများသည် (3×4cm) ဆိုဒ်ရှိသော အဖြူအမည်းဓာတ်ပုံ (၃) ပုံ၊ ဓာတ်ပုံ Softcopy၊ မှတ်ပုံတင်မိတ္တူ (၁) စုံ၊ စာမေးပွဲကြေး (၇၂,၀၀၀) ကျပ်နှင့်အတူ STBJ Myanmar Office တွင် နေ့စဉ် (အစိုးရရုံးပိတ်ရက်များမှ လွဲ၍) မနက် (၉) နာရီမှ ညနေ (၅) နာရီအတွင်း လာရောက်လျှောက်ထားနိုင်ပါသည်။ ရုံးလိပ်စာမှာ အမှတ် (၁၀၆)၊ တိုက် (C), Delta Plaza, ရွှေဂုံတိုင်လမ်း၊ ဗန်ဒါပင်မှတ်တိုင်၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့ဖြစ်ပါသည်။
Online Application Form ဖြင့် လျှောက်ထားလိုသူများသည် STBJ Myanmar Website တွင် ပိတ်ရက်မရှိ ဝင်ရောက်လျှောက်ထားနိုင်ပါသည်။
Online Application Form ဖြည့်သွင်းနည်းလမ်းညွှန်ချက်
(၁) Exam Date - မိမိဖြေဆိုလိုသည့် စာမေးပွဲ နေ့ရက်ကို ဖြည့်သွင်းပါ။
(၂) Name (English) - နာမည်ကို အင်္ဂလိပ်ဘာသာ၊ အကြီးစာလုံးများဖြင့် ရေးသားပါ။
(၃) Name (Katakana) - နာမည်ကို Katakana ဖြင့် ရေးသားပါ။ ရေးသားရန်အခက်အခဲရှိပါက ချန်လှပ်ထား နိုင်ပါသည်။
(၄) Date of Birth - စာဖြေသူ၏ မွေးသက္ကရာဇ်ကို ဖြည့်သွင်းပါ။
(၅) Gender - ကျား/မ ရွေးချယ်ပါ။
(၆) Occupation – မိမိ၏ လက်ရှိ အလုပ်အကိုင်အခြေအနေ (ကျောင်းသား/ ဝန်ထမ်း) ကို ရွေးချယ်ပါ။
(၇) Current Address (English) - မိမိ၏ နေရပ်လိပ်စာကို အင်္ဂလိပ်ဘာသာဖြင့် ဖြည့်သွင်းပါ။
(၈) Telephone - မိမိအသုံးပြုနေသော ဖုန်းနံပါတ်ကို အင်္ဂလိပ်ဘာသာဖြင့် ဖြည့်သွင်းပါ။
(၉) Email - မိမိအသုံးပြုနေသော Email ကို ဖြည့်သွင်းပါ။
(၁၀) Purpose – STBJ စာမေးပွဲကို ဖြေဆိုရသည့် ရည်ရွယ်ချက်ကို ရွေးချယ်ပါ။
(၁၁) NRC Number (English) - မိမိမှတ်ပုံတင်အမှတ်ကို အင်္ဂလိပ်ဘာသာဖြင့် ဖြည့်သွင်းပါ။
(၁၂) Passport Number (English) - ပတ်စပိုစ်အမှတ်ကို အင်္ဂလိပ်ဘာသာဖြင့် ဖြည့်သွင်းပါ။ အကယ်၍ မရှိပါက ချန်လှပ်နိုင်ပါသည်။
(၁၃) Passport Expiry Date - ပတ်စပိုစ်သက်တမ်းကုန်ဆုံးမည့်နေ့ရက်ကို အင်္ဂလိပ်ဘာသာဖြင့် ဖြည့်သွင်းပါ။
(၁၄) Method of Studying - လက်ရှိဂျပန်စာသင်ယူနေသည့်ပုံစံကို ရွေးချယ်ပါ။
(၁၅) Japanese Institution Name - ဂျပန်စာသင်ယူခဲ့သည့် သင်တန်းကျောင်းနာမည်ကို ဖြည့်သွင်းပါ။
(၁၆) Level - သင်ယူထားသည့် ဂျပန်ဘာသာစကားလယ်ဗယ်ကို ရွေးချယ်ပါ။
(၁၇) Uploads –
User Photo- စာဖြေဆိုသူ၏ အဖြူအမည်းဓာတ်ပုံ Softcopy ကို ဖြည့်သွင်းပေးပါ။ ထင်ရှားပြတ်သား သောပုံဖြစ်ရပါမည်။
NRC Front and Black Photo - မှတ်ပုံတင် အရှေ့/ အနောက် ဓာတ်ပုံကို ဖြည့်သွင်းပေးပါ။ ထင်ရှားပြက်သား သောပုံဖြစ်ရပါမည်။
Payment Screenshot – ငွေပေးချေခြင်းပြီးမြောက်ကြောင်းကိုဖော်ပြသော Transaction message အပြည့်အစုံပါသည့် မှတ်တမ်းကိုသာ ဖြည့်သွင်းရပါမည်။
(၇၇) ကြိမ်မြောက် ကျင်းပမည့် Standard Test for Business Japanese (STBJ) စာမေးပွဲဖြေဆိုရန်အတွက် စာမေးပွဲခုံအမှတ်၊ တည်နေရာနှင့် ဖြေဆိုချိန် ကြေညာခြင်း
(၁.၂.၂၀၂၆) ရက်နေ့၊ တနင်္ဂနွေနေ့တွင် ကျင်းပပြုလုပ်မည့် STBJ စာမေးပွဲဖြေဆိုရန်အတွက် စာမေးပွဲခုံအမှတ်၊ စာမေးပွဲကျင်းပသည့်နေရာနှင့် ဖြေဆိုချိန်ကို အောက်ပါအတိုင်းအသိပေးကြေညာအပ်ပါသည်။
မှတ်ချက်။ စာမေးပွဲဖြေဆိုသူများသည် စာမေးပွဲဖြေဆိုချိန်ထက် အနည်းဆုံး (၁) နာရီစော၍ စာမေးပွဲကျင်းပသည့် နေရာသို့ ရောက်ရှိနေရပါမည်။
စာမေးပွဲဖြေဆိုသည့်အခါသက်သေခံကတ်ပြား (မှတ်ပုံတင်/ ပတ်စပို့စ်မူရင်း) ယူဆောင်ရန် နှင့် မိမိ၏ ခုံအမှတ်ကို မှတ်သားလာရန် လိုအပ်ပါသည်။
စာမေးပွဲဖြေဆိုခွင့်ကဒ်ကို စာမေးပွဲလာရောက်ဖြေဆိုချိန်တွင် သက်သေခံကတ်ပြားမူရင်း (မှတ်ပုံတင်/ ပတ်စပို့စ်) နှင့်အတူ စစ်ဆေးပြီးမှ ထုတ်ပေးသွားမည်ဖြစ်ပါသည်။
စာမေးပွဲခုံအမှတ်၊ တည်နေရာနှင့် ဖြေဆိုချိန် ကြည့်ရန်
